Our Courses

ပါဠိ သက္ကတ ဘာသာဗေဒနှင့် ဘာသန္တရဆိုင်ရာပညာရပ်များ၊ ပရိယတ္တိစာပေနှင့်သက်ဆိုင်သည့် ဘက်စုံဘာသာရပ်များကို လေ့လာသင်ယူလိုသော ရဟန်းတော်များ သာမဏေများ သီလရှင်များ လူပုဂ္ဂိုလ်များအား ဝမ်းမြောက်စွာဖြင့် ကြိုဆိုအပ်ပါသည်။

ဖွင့်လှစ်သင်ကြားနေသော သင်တန်းများနှင့် ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများ

ပထမကြီးတန်းမအောင်မြင်သော ရှင်ရဟန်းများ သီလရှင်များနှင့် လူပုဂ္ဂိုလ်များသည် (၁)နှစ်သင် Basic Diploma Course ကိုဦးစွာသင်ကြားရမည်။

Basic Diploma Course အောင်မြင်ပါက (၂)နှစ်သင် Advanced Diploma Course များသင်ကြားနိုင်ခွင့်ရမည်ဖြစ်ပြီး သင်တန်းအောင်မြင်ပါက Advanced Diploma (P.S.E) ဘွဲ့ကို၎င်း

(၂)နှစ်သင် B.A Course များကို ဆက်လက်သင်ယူအောင်မြင်ပါလျှင် B.A (Buddhism Missionary) B.A (Indo Aryan) ဘာသန္တရဆေကဓမ္မာစရိယဘွဲ့ကို၎င်း ရရှိမည်ဖြစ်ပါသည်။

(၃)နှစ်သင် M.A Course များကို ဆက်လက်သင်ယူအောင်မြင်ပါလျှင် M.A ( Buddhism Missionary) M.A (Indo Aryan) ဘာသန္တရဆေကမဟာ ဓမ္မာစရိယဘွဲ့ကို ၎င်း ရရှိမည်ဖြစ်ပါသည်။

ပေးအပ်မည့် ဘွဲ့နှင့် တက်ရောက်ရမည့် ကာလအပိုင်းအခြား