Admissions

အကယ်ဒမီဝင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များ

admission-img

၁။ ဇဝနဗုဒ္ဓအကယ်ဒမီ(ကျိုက်လတ်)တွင် ပညာသင်ကြားလိုသော သူများသည် ပညာအရည်အချင်း ကန့်သတ်ထားမှု မရှိပါ။ ပညာသင်ယူခြင်းကိုသာ အမှန်တကယ်လိုလား သူသာဖြစ်ဖို့လိုအပ်ပါသည်။
၂။ အကြီးတန်းအောင်မြင်ခြင်းရှိ၊ မရှိ အပေါ်မူတည်၍ သင်တန်းကာလ ကွဲပြားသွားပါမည်။
၃။ သာမဏဖြစ်ပါက (၁၅)နှစ်ပြည့်ပြီးဖြစ်ရပါမည်။
၄။ ရဟန်းတော်ဖြစ်ပါက (၁၅)ဝါအောက်နှင့် သက်တော် ၄၀-နှစ်အတွင်းရှိရပါမည်။ (အပြင်တက်ဖြစ်ပါက ကန့်သတ်မှုမရှိပါ။)
၅။ သီလရှင်များ လူပုဂ္ဂိုလ်များလည်း တက်ရောက်သင်ယူနိုင်သည်။ အသက်အပိုင်းအခြားမရှိပါ။ (အပြင်တက်သာ တက်ရပါမည်။)
၆။ သင်တန်းအပေါ်မူတည်၍ ပေးအပ်သောဘွဲ့လက်မှတ်မှာ ခြားနားမည်။
တက်ရောက်ခွင့်ရ သံဃာများသည် ဘုရားရှင်ချမှတ်တော်မူခဲ့သော

(က) သာသနာတော်အားမကြည်ညိုသူများ ကြည်ညိုလာစေရန်။

(ခ) သာသနာတော်အား ကြည်ညိုပြီးသူများ ပိုမိုကြည်ညိုလာစေရန် ဟူသော သြဝါဒကိုလိုက်နာကျင့်သုံး၍ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုစာနာတတ်သော စိတ်ထားများဖြင့်နေထိုင်ရပါမည်။

ကျောင်းတော်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်။

ခွင့်ပြုချက်မရသော အသင်းအဖွဲ့များသို့ ဝင်ရောက်စုဖွဲ့ခြင်း၊ ဆက်ဆံပေါင်းသင်းခြင်းများမပြုရ။

အချင်းချင်းစိတ်ဝမ်းကွဲပြားစေမည့် အပြုအမူ၊ အပြောအဆို အနေထိုင်များကို ပြုလုပ်ပြောဆိုခြင်းများ မပြုလုပ်ရ။