သီရိလင်္ကာ မာစတာ(MA)ဘွဲ့အတွက် ပညာတော်သင်ဆု ထောက်ပံ့လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်ခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့တွင် ဇဝနဗုဒ္ဓအကယ်ဒမီကို ၁၃၈၀-ပြည့်နှစ် နယုန်လပြည့်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အကယ်ဒမစ်ပညာရေးကို ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မန္တလေး ရန်ကုန် ဗုဒ္ဓတက္ကသိုလ်များကို တည်ထောင်အုပ်ချုပ်သူ)၏ ချမှတ်ခဲ့သော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပို့ချပေးခဲ့ပါသည်။
ဇဝနဗုဒ္ဓအကယ်ဒမီ ဖြစ်မြောက်အောင်မြင်ရေး အကျိုးဆောင်အဖွဲ့၏ ချမှတ်ထားခဲ့သော အစီအစဉ်များတွင် ကထိကဆရာအဖြစ်ရည်ရွယ်၍ ပညာတော်သင် စေလွှတ်ခြင်းဟူသော စီမံချက်ထားခဲ့ပါသည်။
မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်မှနေ၍ ဓမ္မာစရိယစာမေးပွဲကို ဝင်ရောက်ဖြေဆိုအောင်မြင်၍ သာသနဓဇဓမ္မာစရိယဘွဲ့ရ ရဟန်းတော်တစ်ပါးအား (၂၂-၂-၂၀၂၀)နေ့တွင်သီရိလင်္ကာနိုင်ငံသို့ မဟာ(MA)ဘွဲ့အတွက်ပညာတော်သင် ပို့လွှတ်ရတော့မည်ဖြစ်ပါသည်။
ပညာတော်သင်ဆုထောက်ပံ့လှူဒါန်းလိုသူများအား မိမိတို့စွမ်းနိုင်သည့်အလျှောက် ဘဝသံသရာအဆက်ဆက် ပညာတိုးပွား အကျိုးများနိုင်ကြစေရန် စိတ်ရည်သန်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မိမိတို့၏ ကုသိုလ်ပြုဖက် မိတ်ဆွေများနှင့် စုပေါင်း၍လည်း လှူဒါန်းနိုင်ပါသည်။
အမ်အေ (မာစတာ)ဘွဲ့အတွက် တနှစ်တာကျောင်းစရိတ် ၊ စာကြည့်တိုက်စရိတ် အတွက် (US $ 800)(ဒေါ်လာ ၈၀၀) ၊ အဆောင်စရိတ်အတွက် (US $ 1200)(ဒေါ်လာ ၁၂၀၀)၊ လမ်းစရိတ် အတွက် (US $ 200) ။ စုစုပေါင်း (US $ 2200)(ဒေါ်လာ ၂၂၀၀) ကုန်ကျမည်ဖြစ်ပါသည်။