ပဉ္စမအကြိမ်မြောက် မြို့ပေါ်လုံးဆိုင်ရာ စာချ/စာသင် ပရိယတ္တိဝန်ဆောင် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းတင်လွှာ
၁၃၈၁-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၈)ရက်၊(24-7-2019) တနင်္လာနေ့တွင်ဒက္ခိဏာရုံမဟာဒွါရစာသင်တိုက်၏ သဒ္ဓမ္မရက္ခိတန်ဆောင်းတော်ကြီးအတွင်းဝယ် စတုတ္ထအကြိမ်မြောက် မြို့ပေါ်လုံးဆိုင်ရာ စာချ/စာသင် ထေရ်ရှင်သံဃာတော်များအား စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရခြင်းသည် အကျိုးဆောင်များ၏ တက်ကြွစွာဖြင့် ကာယစွမ်းအား ဉာဏစွမ်းအားတို့ဖြင့် ဆောင်ရွက်ပေးခဲ့ကြခြင်း၊ အလှူရှင်များ၏ စေတနာထက်သန်မှုများဖြင့် ပါဝင်လှူဒါန်းခဲ့ကြခြင်း၊ ကြွရောက်ချီးမြောက်ပေးတော်မူကြသည် ပဓာနနာယက-ဆရာတော်ကြီး အနုနာယက-ဘုန်းတော်ကြီးဦးကုသလ နှင့် ကျောင်းတိုက်အသီးသီးမှ စာချထေရ်ရှင်သံဃာတော်များ၊ အကယ်ဒမီကျောင်းတော်ရှိ ကထိကသံဃာတော်များ၊ သောတုဇန စာသင်သံဃာတော်ငယ်များ၊ ကိုယ်တိုင်ကိုယ်ကျပါဝင်လှူဒါန်းကြသောအလှူရှင်များ၊ ဇဝနဗုဒ္ဓအကယ်ဒမီ စာကြည့်တိုက်အတွက် ပိဋကတ်စာအုပ်များကို လှူဒါန်ြးကသော မန္တလေးမြို့နေ ကိုသီဟထွန်း+မခင်စုစုရည် (သား)မောင်အောင်မင်းခန့် မိသားစု၊ အစဆင်ပြေစွာပြီးစီးနိုင်ရေးအတွက် နေရာစုံမှဆောင်ရွက်ပေးခဲ့ကြသော ကာယ ဉာဏလုပ်အားရှင် အကျိုးဆောင်များအား ဗုဒ္ဓမြတ်စွာ၏ ဘာသာ သာသနာအတွက် အကျိုးကျေးဇူးများသော ပုဂ္ဂိုလ်များအဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။