ဇဝနဗုဒ္ဓအကယ်ဒမီ၏ ကျောင်းအလှူရှင်မိသားစုအား ပေးသောတရားလက်ဆောင် (၁)
၁၃၈၁.ခုနှစ် ၊ ဝါခေါင်လပြည့် မေတ္တာအခါတော်၏ သာယာဖွယ်ရာ မနက်ခင်းချိန်ခါ အရုဏ်ကျင်းကာလမှာ ကျောင်းနှစ်ကျောင်းရှိ ပရိယတ္တိဝန်ဆောင် သံဃာတော်များအား စေတနာသုံးတန်ပြဌာန်း၍ သဒ္ဓါဆွမ်းအဖြစ် အရုဏ်ဆွမ်းကိုဆက်ကပ်လှူဒါန်းခဲ့သော????
ဇဝနဗုဒ္ဓအကယ်ဒမီ၏ အာဒိကမ္မိကကျောင်းကုသိုလ်ရှင်မိသားစုဖြစ်သော ဝင်းမေတ္တာမိသားစုကို ဆရာတော် သံဃာတော်များကိုယ်စား တရားလက်ဆောင် နှစ်မျိုး ပေးခဲ့ပါတယ်……?????
၁။ လောကီကောင်းကျိုးချမ်းသာ လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ရရှိပိုင်ဆိုင်ချင်ရင် သတိ နဲ့ ပညာ မလွတ်ကင်းပါစေနဲ့….
???☘️??
သတိတရား နဲ့ ပညာတရား နှစ်ပါးဟာ ချမ်းသာကောင်းကျိုး လိုလားသူအတွက် မရှိမဖြစ်သောအရာ၊ လက်ကိုင်ထားသင့်သောအရာတွေဖြစ်ပါတယ်..
ပညာကိုအခြေခံထားပြီး လုပ်ဆောင်တဲ့အခါ ပြည့်စုံပြီးလို့ မူသေမှတ်ယူထားရင် မှားတတ်တယ်….
သတိကင်းနေသည့်အတွက်ကြောင့်
တတ်ထားတဲ့ပညာကို အသုံးမပြုနိုင်တော့ပဲ နိုင်ငံရဲ့လူဆိုးကြီးအဖြစ်တောင် နာမည်တွင်ခဲ့ရတဲ့ အဂုၤလိမာလမထေရ်မြတ်ရဲ့ ဘဝဇာတ်ကြောင်းကို ဥပမာပေးခဲ့ပါတယ်…
“အဂုၤလိမာလ.. ငါက ရပ်နေတာ.. သင်..သာ ပြေးနေတာ´´ဆိုတဲ့ စကားတစ်ခွန်းကို သတိကပ်ပြီး စဉ်းစားလိုက်တဲ့အချိန်ကစပြီး ဒုက္ခချုပ်ငြိမ်း ဘဝဇာတ်သိမ်းတဲ့အထိ အကျိုးကျေးဇူးတွေ ခံစားခဲ့ရပုံကို ပြောပြခဲ့ပါတယ်…
ကုသိုလ်ရှင်မိသားစုဝင်များလည်းပဲ
အခုလိုမျိုး ဘဝရဲ့ အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်နေရတာကိုကြည့်ရင် သူလို ကိုယ်လို ပညာအသိပိုင်ရှင်တွေ မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်….
ဒါ့ကြောင့် သူများတွေထက်သာတဲ့ အသိပညာပိုင်ရှင်တွေဖြစ်တဲ့ မိသားစုဝင်တွေဟာ…သတိတရား..မကင်းစေဖို့..လိုအပ်ကြောင်းကို…သတိပေးခဲ့ပါတယ်….
၂။ လောကော သတ္တာနမာစေရော..လို့
ဆိုထားတာကြောင့် လောကကို ဆရာတင်ပြီး ကိုယ့်ဘဝအတွက် ချမ်းသာရာရအောင် အားထုတ်တတ်ပါစေ….
???????☘️
ဒါန သီလ ဘာဝနာ တရားတွေ ကြိုးစားအားထုတ်နေတဲ့သူဟာ ကိုယ်တိုင်အတွက်လည်း ကောင်းကျိုးချမ်းသာကို ရရှိခံစားရသလို…သူနဲ့…ပတ်သက်ရာ..ပတ်ဝန်းကျင်ဟာလည်း….သူ့ကိုအကြောင်းပြုပြီးတော့…ကောင်းကျိုးချမ်းသာတွေ ခံစားကြရတာတွေဟာ ကိုယ်တွေ့မျက်မြင်ပဲ ဖြစ်ကြတယ်…
အဲ့ဒါနဲ့ ပြောင်းပြန်ပဲ…မကောင်းမှုတွေလုပ်နေတဲ့ လူတစ်ယောက်ဟာ သူနဲ့ သူ့ပတ်ဝန်းကျင်မှာ ဆိုးကျိုးတွေကို ခံစားနေကြရတာကလည်း အများ မျက်မြင်ပဲဖြစ်တယ်လေ…
လောက ကို ဆရာတင်..ဆိုတာက ဒီ..အခုပြောခဲ့တာတွေကို နမူနာထား..ဘဝသင်္ခန်းစာတစ်ခုအဖြစ်သတ်မှတ်ထားပြီး..
ကောင်းကျိုးချမ်းသာကို ရရှိအောင်လို့…ကောင်းတာတွေကို နည်းယူပြီး လိုက်နာကြမယ်…ကြိုးစားအားထုတ်ကြရမယ်…
အဲ့လိုပဲ…မကောင်းတာတွေ မဖြစ်အောင်လို့..မလိုချင်တဲ့ အရာတွေ…မရရှိအောင်လို့လည်းဘဲ… မကောင်းတာတွေကို..ရှောင်ရမယ်… မပြုလုပ်ဘဲနေကြရမယ်လို့ ဆိုပြီး….
ဒီ လောကကို ဆရာတင်ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို မှတ်သားထားရမယ်…
အခု..ကုသိုလ်ရှင်မိသားစုဝင်တို့ဟာလည်း…လောကော သတ္တာနမာစေရော…ဆိုတဲ့ ဒီစကားကို… အရင်က ကြားဖူးရင်လည်း…ကြားဖူးမယ်…မကြားဖူးရင်လည်း…အခုလို..နာယူလိုက်ကြရလို့…သိလာတဲ့အခါမှာ….ဝမ်းမြောက်ဝမ်းသာဖြစ်နေရမယ်… အော်…ငါတို့တစ်တွေရဲ့…အခုလို နေထိုင်နေကြတာဟာ…ဘုရားရှင်..ဟောကြားခဲ့တာနဲ့ တစ်ထပ်တည်းကျနေပါလား…တစ်ပုံစံတည်းဖြစ်နေပါလားလို့….တွေးတတ်ကြရမယ်..ဝမ်းမြောက်ဝမ်းသာ…ဖြစ်နေကြရမယ်လို့… ပြောပြခဲ့ပြီး တရားလက်ဆောင်ပေးခဲ့ပါတယ်…
???????
ဝင်းမေတ္တာမိသားစုနှင့်အတူ တရားလိုလားသူအများ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ….
ဦးခေမာရံသီ
ဇဝနဗုဒ္ဓအကယ်ဒမီ မော်ကွန်းဌာနမှူး
ကျိုက်လတ်မြို့