ကျောင်းဒကာမအတွက် မွေးနေ့တရားလက်ဆောင်
ယနေ့မနက် အရုဏ်တက်ချိန်ကာလမှာ ကျောင်းနှစ်ကျောင်းရှိ ပရိယတ္တိဝန်ဆောင် သံဃာတော်များအား မွေးနေ့ကုသိုလ်အဖြစ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သော ဝင်းမေတ္တာနွယ်ကျောင်းဆောင်ကြီး၏အလှူရှင်ဖြစ်သော ကျောင်းဒကာမ ဒေါ်သဉ္ဇာဝင့်ကို ဆရာတော် သံဃာတော်များကိုယ်စား မွေးနေ့အတွက် တရားလက်ဆောင် သုံးချက် ပေးခဲ့ပါတယ်……
၁။ လောကီကောင်းကျိုးအတွက်ပဲလုပ်လုပ် လောကုတ္တရာကောင်းအတွက်ပဲလုပ်လုပ် သတိ နဲ့ ပညာ မလွတ်ကင်းပါစေနဲ့….
???☘️??
သတိ နဲ့ ပညာမှာ တစ်ခုခု ချွတ်ယွင်းမယ်ဆိုရင် မိမိလိုလားတောင်းတနေတဲ့ လောကီကောင်းကျိုးတွေ ၊ လောကုတ္တရာကောင်းကျိုးတွေ ရနိုင်မှာ မဟုတ်ပါဘူး……
စစ်သူကြီး မဟာဗန္ဓုလ ကို ဥပမာပေးပြောခဲ့ပါတယ်…..
၂။ နာမည်ကြီး brand (နာမည်ကြီးထုတ်ကုန်)ကို အမှီပြုပြီး
ကိုယ့်အတွက် ဂုဏ်တက်စေတာထက် မိမိကိုယ်ကိုသာ brand တစ်ခုဖြစ်လာအောင် တည်ဆောက်ပါ……
???????☘️
တခြားအရာတွေကို အမှီပြုပြီး ဂုဏ်ပုဒ်တစ်ခုကို တည်ဆောက်ထားမယ်ဆိုရင် ကိုယ်အမှီပြုထားတဲ့အရာက ပျက်စီးသွားတဲ့အခါ ကိုယ်တည်ဆောက်ထားတဲ့ ဂုဏ်ပုဒ်လည်း ပျက်စီးသွားရတတ်ပါတယ်……
မွေးနေ့ရှင်ရဲ့ မိခင်ဖြစ်သော ကျောင်းအတွက် အင်မတန်ကျေးဇူးများတဲ့ သာသနာ့ဒါယိကာမကြီး သုဓမ္မသိင်္ဂီ ဒေါ်ဝင်းစိန်ကို ဥပမာထားပြီး ပြောခဲ့ပါတယ်…
ဝင်းမေတ္တာဒေါ်ဝင်းစိန် လို့ အမည်ပြောလိုက်တာနဲ့ အများစုက ရှိန်ကြပါတယ်…..ဘာကြောင့်လည်းဆိုတော့……သူ့ရဲ့ လောကီကောင်းကျိုး လောကုတ္တရာကောင်းကျိုးအတွက် ကြိုးစားအားထုတ်ခဲ့တာတွေက အများစုအတွက် စံနမူနာ ယူစရာလို ဖြစ်တာကြောင့်ပါ…..
(ဒေါ်ဝင်းစိန်ရဲ့သမီးဆိုပြီး) အမေ့ကို မှီပြီး လူသိများတာထက် အမေလိုမျိုး ကိုယ်တိုင်ကိုယ်ကျ ကိုယ်ပိုင်ဂုဏ်ပုဒ်တစ်ခုအဖြစ်ရပ်တည်နိုင်အောင်ကြိုးစားအားထုတ်ပါ……
၃။ မနက်စောစော အရုဏ်ဆွမ်းကပ်လှူတတ်တဲ့ အလေ့အကျင့်ရှိတယ်လို့ကြားဖူးတယ်….ဒါ့ကြောင့်…..အရုဏ်ဆွမ်းကပ်လှူတဲ့ အခါမှာ အရုဏ်တက်မတက် သေသေချာချာသိပြီး ကပ်လှူသင့်ပါတယ်…….အရုဏ်မတက်သေးပဲ ကပ်လှူခဲ့မိရင် အကျိုးမရဘဲ အပြစ်ရသွားလိမ့်မယ်….
??☘️????
ဝါဆိုလမှာ အရုဏ်တက်ချိန်က မနက် ၄:၃၀ ဖြစ်ပြီး ၊ ပြာသိုလ်လမှာ အရုဏ်တက်ချိန်က မနက် ၅:၃၀ ဖြစ်တယ်….
ဝါဆိုလကနေ လတစ်လပြောင်းတိုင်း တစ်လကို ၁၀မီနစ်တိုးသွားရမယ်….
ပြာသိုလ်လကနေ တပို့တွဲလကို ပြောင်းတဲ့အခါကျတော့ တစ်လကို ၁၀:မီနစ် နောက်ပြန်ဆုတ်လာရတယ်….
အတိုး အဆုတ်လုပ်တာက တစ်ရက်ကို စက္ကန့် ၂၀:တိုးနေ ဆုတ်နေတယ်လို့မှတ်ထားရမယ်….. တသမတ်တည်း မှတ်မထားရဘူး….(သံဃာတော်အများစုက လက်ခံသတ်မှတ်ထားသော အရုဏ်တက်ချိန်အတိုင်းပြောကြားခဲ့ပါသည်)
မွေးနေ့ရှင်နှင့်တစ်ကွ တရားလိုလားသူအများ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ….
ဦးခေမာရံသီ
ဇဝနဗုဒ္ဓအကယ်ဒမီ မော်ကွန်းဌာနမှူး ၊ကျိုက်လတ်မြို့ ၊